အောင်မြင်မှု၏အခြားတစ်ဘက် - Image 1
News

အောင်မြင်မှု၏အခြားတစ်ဘက်

ဒေါက်တာမြင့်မြင့်ခင်
February 28, 2026

မန္တလေးမြို့ရောက်ရင် "မြင့်မြင့်ခင်ထိုးမုန့်" ကို မဝယ်ဖူးသူ၊ မစားဖူးသူဆိုတာ ခပ်ရှားရှားပါ။ နှစ်ပေါင်းများစွာ မြန်မာပြည်အနှံ့ နာမည်ကျော်ကြားခဲ့တဲ့ ဒီအမှတ်တံဆိပ်ကြီးရဲ့ နောက်ကွယ်မှာ ဘယ်လိုခေါင်းဆောင်မှု၊ ဘယ်လိုအတွေးအခေါ်တွေ ရှိနေမလဲဆိုတာ စဉ်းစားမိဖူးပါသလား..?။ စီးပွားရေးပညာကိုလည်း PhD ဘွဲ့ရသည်အထိ မနားမနေ ကြိုးစားခဲ့သူ။ မိသားစုနဲ့ လုပ်ငန်းခွင်ကို ဟန်ချက်ညီညီ ထိန်းကျောင်းရင်း "အောင်မြင်မှုရဲ့တခြားတစ်ဘက်မှာ"ဘာတွေရှိလဲဆိုတဲ့အကြောင်း လေ့လာရင်း အဓိပ္ပါယ်ဖွင့်ဆိုချင်ခဲ့သူ...။ 📌 သူမကတော့ "ဒေါက်တာမြင့်မြင့်ခင်" ပါပဲ။ ယခုအခါမှာတော့ သူမကိုယ်တိုင် နှစ်ပေါင်းများစွာ ပုံဖော်တည်ဆောက်ခဲ့တဲ့ ဘဝနေထိုင်မှု နဲ့ အတွေးအခေါ်တွေကို "အောင်မြင်မှု၏အခြားတစ်ဘက်" ဆိုတဲ့ စာအုပ်ကနေတစ်ဆင့်မျှဝေလိုက်ပါပြီ။ "အောင်မြင်မှု၏အခြားတစ်ဘက်"စာအုပ်ဟာ "မန္တလေး မြင့်မြင့်ခင်ထိုးမုန့်လုပ်ငန်းရဲ့ဒါရိုက်တာတစ်ဦးဖြစ်ရုံသာမက ပညာရေးနဲ့ စီးပွားရေးနယ်ပယ်နှစ်ခုလုံးမှာ ထူးချွန်ထက်မြက်သူ ဒေါက်တာမြင့်မြင့်ခင်"ရဲ့ ပထမဆုံး ပွဲဦးထွက်စာအုပ်ဖြစ်ပါတယ်။ 🔳 ဒီစာအုပ်ကို အပိုင်း (၄) ပိုင်းနဲ့ ဖွဲ့စည်းထားပါတယ်။ 📌၁။ မိမိကိုယ်တိုင် ဖြစ်တည်ခြင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုဆိုတာ ဘယ်ကစသလဲ။ "အမေ့ရဲ့ ခြုံပုဝါ" လိုမျိုး စိတ်ခံစားမှုဆိုင်ရာ အမွေအနှစ်တွေကနေ စတင်ပါတယ်။ စိတ်ဒဏ်ရာ (Trauma) တွေကို အဟန့်အတားအဖြစ် မထားဘဲ ခွန်အားအဖြစ် ဘယ်လိုပြောင်းလဲမလဲ။ မျိုးဆက်တစ်ခုကနေ တစ်ခုကို လက်ဆင့်ကမ်းရမယ့် Generation Cycle နဲ့ Personal Legacy တည်ဆောက်နည်းတွေကို စတင်လေ့လာရမှာပါ။ 📌၂။ မိမိနှင့် ပတ်ဝန်းကျင်ကို တည်ဆောက်ခြင်း (Building Self & Environment) အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်၊ အိမ်ထောင်ရှင်မတစ်ယောက်ရဲ့ နောက်ကွယ်က တာဝန်နဲ့ စိန်ခေါ်မှုတွေက ဘာတွေလဲ။ မိသားစုရဲ့ ချစ်ခြင်းမေတ္တာကို အခြေခံပြီး ဘဝသံသရာထဲမှာ တန်ဖိုးရှိရှိ ရှင်သန်နည်း၊ ရှုပ်ထွေးမှုတွေကြားကနေ အတွင်းစိတ်ငြိမ်းချမ်းမှု (Inner Peace) ကို ရှာဖွေတည်ဆောက်နည်းတွေကို တွေ့မြင်ရမှာပါ။ 📌၃။ ရေရှည်ခိုင်မြဲသော လူမှုပတ်ဝန်းကျင် တည်ဆောက်ခြင်း (Sustainable Social Environment) စီးပွားရေးလုပ်တယ်ဆိုတာ အတွေ့အကြုံကို ချပ်ဝတ်တန်ဆာလို ဝတ်ဆင်ထားရတာပါ။ * Unique Value: ကိုယ်တိုင်ရဲ့ တန်ဖိုးကို ဘယ်လိုရှာမလဲ။ * Data & Journey: စိတ်ကူးသက်သက်မဟုတ်ဘဲ Data တွေနဲ့ ခရီးသွားခြင်း။ * Cycle: သံသရာလည်နေတဲ့ အဆိုးသံသရာ (Vicious Cycle) ထဲကနေ ကောင်းမွန်တဲ့ အသိုင်းအဝိုင်း (Virtuous Cycle) ဆီ ဘယ်လိုကူးပြောင်းမလဲဆိုတာကို နည်းလမ်းတကျ လမ်းညွှန်ထားပါတယ်။ 📌 ၄။ မိသားစုစီးပွားရေးလုပ်ငန်းတွင် ကောင်းမွန်သော ပတ်ဝန်းကျင်ကို တည်ဆောက်ခြင်း (Family Business Legacy) ဒါကတော့ ဒီစာအုပ်ရဲ့ အထူးခြားဆုံး အပိုင်းပါပဲ။ မြန်မာ့သမိုင်းနဲ့ ယှဉ်တွဲနေတဲ့ မိသားစုစီးပွားရေးလုပ်ငန်းတွေမှာ ကြုံရတတ်တဲ့ အကျပ်အတည်းတွေကို ဘယ်လို စနစ်တကျ ရွက်လွှင့်ကျော်ဖြတ်မလဲ။ မိသားစုလုပ်ငန်းတွေအတွက် အခြေခံမူဝါဒတွေ၊ တိုးတက်မှု အတိုင်းအတာ (Growth Metrics) တွေနဲ့ မျိုးဆက်လက်ဆင့်ကမ်း Business Legacy တစ်ခုကို ဘယ်လိုပုံဖော်မလဲဆိုတာ လက်တွေ့ကျကျ ပါဝင်ပါတယ်။ ❤️ စာရေးသူအကြောင်း အကျဉ်းချုပ် • ဒေါက်တာမြင့်မြင့်ခင်ဟာ မန္တလေးတက္ကသိုလ်မှ သင်္ချာဘွဲ့ (BSc Hons, MSc) များကို ရရှိခဲ့ပြီး၊ ထိုင်းနိုင်ငံ UTCC မှ MBA ဘွဲ့၊ Assumption University မှ PhD (Innovation Technology Management) ဘွဲ့တို့ကို ရရှိထားသူဖြစ်ပါတယ်။ လက်ရှိမှာ မြင့်မြင့်ခင် ထိုးမုန့်လုပ်ငန်းရဲ့ Director အဖြစ်သာမက ၊ Totals-in ၊ Bambite နဲ့ Bamanovation ကုမ္ပဏီတို့ရဲ့ Chairman အဖြစ်ပါ ဦးဆောင်နေသူပါ။ ၂၀၁၈ ခုနှစ်မှာ Asia Business Council က ချီးမြှင့်တဲ့ Young Entrepreneur Award (National & ASEAN Winner) ဆုနှစ်ဆုစလုံးကို ဆွတ်ခူးခဲ့သလို၊ ၂၀၂၀ ခုနှစ်မှာ နိုင်ငံတော်က ချီးမြှင့်တဲ့ "သီဟသုဓမ္မ သိဂ်ီ" ဘွဲ့ကိုပါ ရရှိထားတဲ့ ထူးချွန်ထက်မြက်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်ပါတယ်။ "အောင်မြင်မှု၏ အခြားတစ်ဘက်" စာအုပ်ဟာ စီးပွားရေးလုပ်ငန်းရှင်များ၊ မိသားစုစီးပွားရေးကို လက်ဆင့်ကမ်း ထိန်းသိမ်းလိုသူများနဲ့ ဘဝကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းလိုသူ အမျိုးသမီးများအတွက် မဖြစ်မနေ ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်ပါ။ ❤️

Details

စာမျက်နှာ

၂၀၃

Paper Type

Woodfree Paper စာရွက်သားအဖြူအချော

Cover

ခန့်ချုပ်ကတ်ထူအဖုံး

Size

Size 5.5x8.5 inch

Published Date

၂၈.၂.၂၀၂၆

Price

၂၅၀၀၀

Other Events

Check out more exciting events and announcements.

View All Events